ကျွန်ုပ်တို့အကြောင်း

ကုမ္ပဏီမိတ်ဆက်

Coordinates Co., Ltd ကို 2016 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ Coordinates Co., Ltd သည် တိုင်းတာရေးကိရိယာများ၊ GIS Data Collector & GIS Software နှင့် Materials Testing Equipment၊ Geotechnical Equipment နှင့် Geological Equipment အစရှိသည့် ပစ္စည်းများကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ကုမ္ပဏီ၏မူဝါဒ

မြန်မာနိုင်ငံ အတွင်းမှာရှိသော ဖောက်သည်များအားလုံး အတွက် ထိရောက်သော အရောင်းနှင့် ပံ့ပိုးကူညီမှုပေးရန် ဆိုသည့်အချက်မှာ ကုမ္ပဏီ၏ ကထိကဝတ်ပင် ဖြစ်သည်။
Coordinates Co.,Ltd ၏ ရည်ရွယ်ချက်မှာ ဖောက်သည်များအား ၎င်းတို့၏ အဖိုးတန်ငွေများကို ချွေတာရန်နှင့် ကုန်ကျစရိတ် သက်သာစေရန် ဦးတည်ပါသည်။ ဖောက်သည်များ အတွက် “ကုန်ကျစရိတ် သက်သာသော ဖြေရှင်းချက်” သည် ကျွန်ုပ်တို့၏ စိတ်အား ထက်သန်မှုဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို ယခင်ကထက် ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။

အရောင်းအတိုင်ပင်ခံ

ဖောက်သည်များ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန် ကျွန်ုပ်တို့၏ အရောင်းအတိုင်ပင်ခံနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုအဖွဲ့ က တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်၍ လုပ်ဆောင်ပေးပါမည်။ ၄င်းတို့သည် ကုန်ပစ္စည်းပိုင်းတွင် ဗဟုသုတရှိရုံသာမက သုံးစွဲသူများ၏ ပရောဂျက်များအတွက် မှန်ကန်သော ပစ္စည်းများကို ရွေးချယ် အသုံးပြုနိုင်ရန် အတွက် ကောင်းမွန်သော အကြံပြုချက်များ နှင့် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများကို ပေးစွမ်း နိုင်သည်။ အရောင်းအတိုင်ပင်ခံနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုအဖွဲ့ အတွေ့အကြုံများသည် ဖောက်သည်များ၏ အောင်မြင်မှုများ ဆက်လက် ရရန် ဦးဆောင်ပါသည်။

ဝန်ဆောင်မှု

ကောင်းမွန်သော ဝန်ဆောင်မှုများသည်  “Coordinates Co.,Ltd” တွင် အရေးအကြီးဆုံးဖြစ်သည်။ အဆင့်မြင့်ထုတ်ကုန်များ ထောက်ပံ့ပေးခြင်းနှင့် ထူးခြားသော ဝန်ဆောင်မှုများ ပေးဆောင်ခြင်းတို့အတွက် မှန်ကန်သော ပေါင်းစပ် ထိတွေ့မှုရရန် အမြဲကြိုးစားနေပါသည်။ ဗဟုသုတရှိပြီး ကျွမ်းကျင်သော အရောင်းဝန်ထမ်းများသည် မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ တိကျသောလုပ်ငန်း အတွေ့အကြုံများမှ တဆင့် အကောင်းဆုံး ညွှန်ကြားချက်များကို ပေးနိုင်မည်ဖြစ်သည်။