အဓိကလုပ်ငန်းကဏ္ဍများ

မြေတိုင်းတာရေးပစ္စည်းကိရိယာများ

ကျွန်တော်တို့သည် ဆွစ်ဇာလန်နိုင်ငံရှိ မြေတိုင်းပစ္စည်းများ ဆန်းသစ်တီထွင် ဖန်တီးထုတ်လုပ်သည့် ရှေ့ဆောင်ကုမ္ပဏီ ဖြစ်သည့် နာမည်ကြီး Leica Geosystem ၏ မြန်မာပြည်ဆိုင်ရာ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်ပါသည်။ Leica Geosystem အမှတ်တံဆိပ်သည် ၁၉၇၀နှင့် ၁၉၈၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍတွင် အလွန်ရင်းနှီး ကျွမ်းဝင်ခဲ့သော Kern, Wild အမှတ်တံဆိပ်တို့မှ ဆင်းသက်လာပါသည်။

Leica Geosystem (Kern and Wild)သည် မြေတိုင်းတာရေး ပစ္စည်းများဖြစ်သော သုံးဘက်မြင်ပုံရိပ်နှင့် လေဆာတိုင်းတာရေး ပစ္စည်းများ၊ တိုတယ်စတေရှင်၊ မြေတိုင်းဂျီပီအက်၊ သီအိုဒိုလိုက်၊ လဲဗယ်၊ လေဆာ စနစ်သုံးအကွာအဝေးတိုင်း ကိရိယာများအား ကုမ္ပဏီ၏ သက်တမ်း (၂၆၀) အတွင်း စဥ်ဆက်မပြတ် ဆန်းသစ် တီထွင်ထုတ်လုပ်ခဲ့ပြီး သက်ဆိုင်ရာ ဆောက်လုပ်ရေးကဏ္ဍ၊ မြေတိုင်းနှင့်မြေပုံထုတ် သတ္တုတူးဖော်ရေး ကဏ္ဍများကို တစ်ခေတ် ဆန်းသစ်စေခဲ့ပါသည်။

ကျွန်တော်တို့သည် ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းမြေတိုင်း ပစ္စည်းကိရိယာများ ထုတ်လုပ်သော Leica Geosystem အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများကို မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍ၊ မြေပုံထုတ်လုပ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ နှင့် ပညာရေးကဏ္ဍအသီးသီးရှိ ပညာရှင်များအား မိမိတို့ ပံ့ပိုးခွင့်ရရှိသောကြောင့် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
အထက်ပါ ကဏ္ဍအသီးသီးရှိ ဖောက်သည်များ၏ မြေတိုင်းပစ္စည်း ကိရိယာများအား အရည်အသွေး မြင့်မားသော Leica Colimator စက်သုံး၍ စက်ချိန်ညှိုခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ စစ်ဆေးခြင်းများအား ဆောင်ရွက်ပေးလျှက် ရှိပါသည်။ မြေတိုင်းကိရိယာများအား စက်ချိန်ညှိုရခြင်း၏ ရည်ရွယ်ချက်မှာ စက်၏ နဂိုပါစံချိန်စံညွှန်းနှင့် မည်မျှကွာခြားနေသည်ကို သိရှိစေရန်နှင့် လက်ခံနိုင်သော အတိုင်းအတာ တစ်ခုအတွင်း ရှိပါက နဂိုပါစံချိန်စံညွှန်းအတိုင်း ပြန်ဖြစ်စေရန် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်ပါသည်။

 

မြေသားနှင့်ကွန်ကရစ်စမ်းသပ်စစ်ဆေးမှု့ကိရိယာများ

ကျွန်တော်တို့သည် မြေသား၊ ကွန်ကရစ်နှင့် ကတ္တရာအရည်အသွေးစမ်းသပ် စစ်ဆေးသည့် ကိရိယာများဖြစ်သော Compression Machine, Tensile Machine, Direct Shear အစရှိသော စမ်းသပ်ကိရိယာများကိုလည်း ဖြန့်ဖြူးရောင်းချ၍ ဝန်ဆောင်မှု့ပေးလျက်ရှိပါသည်။

Alfa Testသည် နိုင်ငံတကာတွင် နာမည်ကြီး တူရကီနိုင်ငံ အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး မြေသားနှင့် ကွန်ကရစ်အရည်အသွေး စမ်းသပ်စစ်ဆေးသည့် လုပ်ငန်းတွင် ရှေ့မှဦးဆောင်ထုတ်လုပ်သူ တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ဆောက်လုပ်ရေးကဏ္ဍရှိ သဲ၊ ဘိလပ်မြေ၊ ကွန်ကရစ်၊ မြေသား၊ ကတ္တရာအစရှိသော ပစ္စည်းများ၏ အရည်အသွေးကို လေ့လာစမ်းသပ်ပြီး စံချိန်စံညွှန်းထိန်းသိမ်းသည့် လုပ်ငန်းတွင်အရေးပါ ပါသည်။

 

ဘူမိဗေဒလေ့လာရေးနှင့် သတ္တုတူးဖော်ရေး ပစ္စည်းကိရိယာများ

မိမိတို့ကုမ္ပဏီတွင် Resistivity Mete, Magnetometer, Gravity Meter, Ushikata Compass, Brunton Compass အစရှိသော ဘူမိဗေဒနှင့် သတ္တုတူးဖော်ရေးဆိုင်ရာ ကွင်းဆင်းနှင့် ဓါတ်ခွဲခန်းသုံးပစ္စည်း ကိရိယာများကို ဝယ်ယူရရှိနိုင်ပါသည်။