ကုမ္ပဏီအကျဥ်းချုပ်

Coordinates Co.,Ltd ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၂၀၁၆ခုနှစ်၌ စတင်တည်ထောင်ခဲ့ပါသည်။ မြေတိုင်းကိရိယာများ၊ ရေကြောင်းတိုင်းတာရေးကိရိယာများ၊ မြေသားနှင့် ကွန်ကရစ်စမ်းသပ် စစ်ဆေးရေး ပစ္စည်းများ၊ ဘူမိရူပဗေဒဆိုင်ရာ တိုင်းတာရေးပစ္စည်းများ၊ တင်သွင်းဖြန့်ဖြူးခြင်းနှင့် နောက်ဆက်တွဲ ရောင်းချပြီးစက်ကိရိယာများအား နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို တက်ကြွစွာလှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် အရောင်းလုပ်ငန်းတစ်ခုတည်းကို အာရုံစိုက်၍ လုပ်ဆောင်နေခြင်း မဟုတ်ပဲ မိမိတို့ရောင်းချထားသော ပစ္စည်းကိရိယာများကို ဖောက်သည်များ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရန် ကုန်ကျစရိတ်နှင့် လုံး၀ထိုက်တန်သောအသုံးဝင်မှု့၊ အသုံးချနိုင်မှု့ရရှိစေရန်အတွက် လိုအပ်သောရောင်းချပြီး ဝန်ဆောင်မှု့စနစ်များအား ယခင်ထက် ပိုမိုကောင်းမွန်အောင် အမြဲနှလုံးသွင်း စိတ်နှစ်မြှုပ်ထား ပါသည်။ ဝန်ဆောင်မှု့စနစ်များတွင် စက်ချို့ယွင်းမှု့ပြုပြင်ခြင်း၊ အဆင့်မြှင့်ခြင်း၊ ဆော့ဝဲလ်ပိုင်းဆိုင်ရာြပဿနာများ ဖြေရှင်းခြင်း၊ စက်ချိန်ညှိုခြင်းနှင့် စက်ကိုင်တွယ်မှု့ သင်တန်းများပေးခြင်း အစရှိသည့် ထောက်ပံ့မှု့များ ပါဝင်ပါသည်။

မျှော်မှန်းချက်

“ဤနေရာသည် လူတော်များအား မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ တင်ပေးသည့်နေရာဖြစ်သည်”။ ကုမ္ပဏီသည် နှစ်ထပ်ကိန်းပါဝါကို ယုံကြည်သည့်အလျောက် လူတော်များမှန်လာအောင် အမြဲကြိုးစား ပံ့ပိုး လျှက်ရှိပါသည်။ တနည်းအားဖြင့် အတော်ဆုံးအကြိုးစားဆုံး မြေတိုင်းပညာရှင်များအား ကမ္ဘာ့ အကောင်းဆုံးနည်းပညာနှင့် စွမ်းရည်အမြင့်မားဆုံးမြေတိုင်းပစ္စည်းများဖြင့် တွဲဖက်ပေးနိုင်ရန်အမြဲအားထုတ် ကြိုးစားလျှက်ရှိပါသည်။

မစ်ရှင်

‘’အတူတူလုပ်မယ်၊ အတူတူတိုးတက်မယ်” ။ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ရှိသော ဖောက်သည်များ အတွက်ထိရောက်၍စနစ်ကျသော အရောင်းနှင့်ရောင်းချပြီးဝန်ဆောင်မှု့လုပ်ငန်းများပေးရန် အမြဲနှလုံး သွင်းထားပါသည်။ဈေးကြီးပြီးအသုံးမဝင်သော၊ မလိုအပ်သောပစ္စည်းကိရိယာများအား ဖောက်သည်များထံ မရောင်းချမိရန် အမြဲကြိုးစားအားထုတ်လျှက်ရှိပါသည်။ ဖောက်သည်များ၏ လုပ်ငန်းလိုအပ်ချက်ကို မှန်ကန်စွာသိမြင်ပြီး ထိရောက်သော ဝန်ဆောင်မှု့များပေးခြင်းအားဖြင့် ၄င်းတို့လုပ်ငန်းများလည်း ယခင်ထက်ပိုမိုတိုးတက်လာမည်ဖြစ်ပြီး မိမိတို့ကုမ္ပဏီသည်လည်း ဖောက်သည်များနှင့် အတူတကွလိုက်ပါ ကြီးပွားတိုးတက်မည်ဖြစ်ပါသည်။

ကုမ္ပဏီ၏ မူဝါဒ

ဖောက်သည်များအားလုံးအတွက် လုပ်ငန်းနှင့်လိုက်ဖက်ညီသောကိရိယာများ ရွေးချယ်အကြံ ပေးခြင်းနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှု့များပေးရန်မှာ ကျွန်ုပ်တို့၏အခိုင်မာဆုံးသော သံဓိဋ္ဌာန် ဖြစ်ပါသည်။ မိမိတို့ တန်ဖိုးထားရတဲ့ဖောက်သည်များနဲ့ ရေရှည်ဆက်ဆံရေးကောင်းတွေတည်ဆောင်ပြီး မြဲမြံအောင် ထိန်းသိမ်းဖို့ သူတို့ လိုအပ်ချက်တွေကို အလေးအနက်ထားနားထောင်ပြီး မှန်ကန်တဲ့ကူညီ ပံ့ပိုးမှုတွေ ပေးခြင်းသည် ကျွန်ုပ်တို့၏ အရေးကြီးဆုံးမူဝါဒဖြစ်ပါသည်။ အံဝင်ခွင်ကျဖြစ်သော ကွက်တိဝန်ဆောင်မှု့ စနစ်သည် ဖောက်သည်များ၏ အချိန်၊ ငွေနှင့် လူ့စွမ်းအားအရင်းအမြစ်များကို လေလွင့်ဆုံးရှုံးမှု့မဖြစ်စေရန် ကာကွယ်နိုင်မည်ဟု ယုံကြည်ပါသည်။ အဆိုပါ လမ်းကြောင်းမှန်ကို အမြဲဦးတည်ထားခြင်းဖြင့် ဖောက်သည်များ၏ိလုပ်ငန်းများကို ယခင်ကထက် ပိုမိုကောင်းမွန်အောင်၊ တိုးတက်ကြီးပွားအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

အကောင်အထည်ဖော်မှု့

ဖောက်သည်များ၏စိတ်ကူးနှင့်တထပ်တည်းကျသော အရောင်းနှင့် ရောင်းချပြီး ဝန်ဆောင်မှု့ ဌာနများသည် မိမိတို့၏ဖောက်သည်များအား ရိုးသားပြီးလောဘကင်းသော ဝန်ဆောင်မှု့ ပေးနိုင်ရန်အတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အဆိုပါဌာနများသည် ကုမ္ပဏီ၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် ယုံကြည်ချက်များကို နားလည်သဘောပေါက်ရန် အရေးကြီးသည့်အတွက်စဥ်ဆက်မပြတ် ညွှန်ကြားလေ့ကျင့်ပေးလျှက်ရှိပါသည်။ ယင်းမူဝါဒအောက်တွင် အရောင်းနှင့် ရောင်းချပြီး ဝန်ဆောင်မှု့ ဌာနများသည် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖောက်သည်များအတွက် ၄င်းတို့၏လုပ်ငန်းနှင့် အံဝင်ခွင်ကျဖြစ်သော ကိရိယာများကို ရေရှည်အကျိုးရှိစွာသုံးစွဲနိုင်မည် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဝန်ထမ်းများသည် အကွက်မြင်တတ်မှု့၊ ဥာဏ်ရည်ဥာဏ်သွေး၊ ကိုယ်ချင်းစာမှု့၊ နည်းပညာကျွမ်းကျင်မှု့နှင့် ပေါင်းသင်းဆက်ဆံရေးစသည့် အရည်အချင်းများနှင့် ပြည့်စုံနေရမည်ဖြစ်ပါသည်။

ယုံကြည်ချက်

 

လူ့စွမ်းအားနှင့် ကိရိယာအရည်အသွေးကိန်းဂဏန်းနှစ်ခုသည် X,Y ဂရပ်၏အပေါ်ဆုံးအကွက် များတွင်ကျရောက်ပါက အကောင်းဆုံးရလာဒ်ထွက်မည်ဖြစ်ပါသည်။ ပျင်းရိသောသောမြေတိုင်း ပညာရှင်များသည် အရည်အသွေးမြင့်မားသော မြေတိုင်းကိရိယာကို အပြည့်အဝအသုံးမချတတ်သကဲ့သို့ အတော်ဆုံးမြေတိုင်းပညာရှင်များသည်လည်း ညံ့ဖျင်းသော ကိရိယာထံမှ ဘာမှထူး၍ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့ကုမ္ပဏီသည် အရည်အသွေးနှင့်နည်းပညာြမင့်မားသော မြေတိုင်းကိရိယာများကို ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီမှ တင်သွင်း၍နောက်ဆက်တွဲဖြစ်သောရောင်းချပြီး ဝန်ဆောင်မှု့စနစ်ကို အရည်အချင်း ပြည့်၀သော မြေတိုင်းပညာရှင်များအား ထိရောက်စွာပံ့ပိုးနိုင်ရန်အမြဲကြိုးစားလျှက်ရှိပါသည်။ သို့မှသာ ဖောက်သည်များ၏ လက်ရှိလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ပါသည်။

 

လုပ်ငန်းစင်္ကြန်

 

ကုမ္ပဏီသည် တိုင်းတာမှု့၊ စမ်းသပ်မှု့၊ စူးစမ်းမှု့များကို တန်ဖိုးထားချစ်မြတ်နိုးသည့်အလျောက် လုပ်ငန်းစင်္ကြန်ကိုတိုင်းတာမှု့နှင့် စမ်းသပ်လေ့လာမှု့ဆိုင်ရာ ပစ္စည်းများပေါ်တွင် ခိုင်မာစွာရပ်တည် ထားပါသည်။ စူးစမ်းလေ့လာမှု့မရှိပါက မိမိတို့ရောက်သည့်နေရာကို မသိနိုင်ပါ။ သို့အတွက်ကြောင့် မိမိတို့ရည်မှန်းချက်နေရာကို မရောက်ရှိနိုင်တော့ပဲဖြစ်မည်ဖြစ်ပါသည်။ Coordinates Co.,Ltd သည် အောက်တွင်ဖော်ပြထားသော တိုင်းတာရေးနှင့် စမ်းသပ်လေ့လာရေးကိရိယာများကို ဖောက်သည်များ အတွက်အရည်အသွေးမြင့်မားသော အရောင်းနှင့် ရောင်းချပြီး ဝန်ဆောင်မှု့စနစ်နှင့်ပေါင်းစပ်၍ တက်ကြွစွာ ဝန်ဆောင်မှု့ပေးလျှက်ရှိပါသည်။

  • မြေတိုင်းတာရေး၊ ရေကြောင်းတိုင်းတာရေးပစ္စည်းကိရိယာများ
  • မြေသားနှင့် ကွန်ကရစ်စမ်းသပ်စစ်ဆေးရေးပစ္စည်းကိရိယာများ
  • ဘူမိဗေဒနှင့် သတ္တုတူးဖော်မှု့လေ့လာတိုင်းတာရေးပစ္စည်းကိရိယာများ

Coordinates ကုမ္ပဏီသည် ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့အကောင်းဆုံးနှင့်ထိပ်တန်းမြေတိုင်းပစ္စည်းများ ထုတ်လုပ်သော Leica Geosystems ၏ မြန်မာပြည်ဆိုင်ရာ တစ်ဦးတည်းကိုယ်စားလှယ် ဖြစ်ပါသည်။ Leica Geosystems သည် (၁၈၁၉)ခုနှစ်မှစ၍ မြေတိုင်းတာရေးပစ္စည်း ကိရိယာများကို Kern, Wild စသည့် အမည်များဖြင့် တီထွင်ဖန်တီး ထုတ်လုပ် နေသော သမိုင်းအစဥ်အလာ ကြီးမားသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ အလားတူပင် ကျွန်တော်တို့ကုမ္ပဏီသည် တူရကီနိုင်ငံ Alfa Test အမှတ်တံဆိပ် မြေသားနှင့် ကွန်ကရစ်စမ်းသပ်စစ်ဆေးရေး ပစ္စည်းများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ DJI အမှတ်တံဆိပ် Survey Grade Drone များကို တင်သွင်း၍ဈေးကွက်တွင် တက်ကြွစွာဝန်ဆောင်မှု့ပေးလျှက်ရှိပါသည်။ အောက်ဖော်ပြပါ ကဏ္ဍများတွင် ၂၀၁၆ခုနှစ်မှစတင်၍ Coordintates Co.,Ltd ၏ဝန်ဆောင်မှု့နှင့် လမ်းကြောင်းကိုယုံကြည်၍ အစဥ်တစိုက်အားပေးလာသော ဖောက်သည်ကောင်းများစွာရှိပါသည်။

  • ဆောက်လုပ်ရေးနှင့် မြေတိုင်း မြေပုံထုတ်ကဏ္ဍ
  • ပညာရေးနှင့် သုတေသနကဏ္ဍ
  • သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတစီမံခန့်ခွဲရေးကဏ္ဍ