ရောင်းချပြီးဝန်ဆောင်မှု့လုပ်ငန်းများ

မိမိတို့၏ ရောင်းချပြီး ဝန်ဆောင်မှုဌာနရှိ ဝန်ထမ်းများကို အခြေပြု အရောင်းဝန်ထမ်းများ အဖြစ် မှတ်ယူ ပါသည်။ ဖောက်သည်များ၏ လုပ်ငန်းများ  ပိုမိုတိုးတက် စေရန်နှင့် မှားယွင်းသော ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မိစေရန် အတွက် ခိုင်မာ၍စနစ်ကျသော အရောင်းဝန်ဆောင်မှု့ လုပ်ငန်းများ ဖြစ်ဖို့လိုအပ်ပါသည်။ ထို့အတွက် တာဝန်ခံမှု့နှင့် တာဝန်ယူမှု အပြည့်ရှိသော ဖောက်သည် ဝန်ဆောင်မှု့ စနစ်များကို ပေါ်လစီများ ရေးဆွဲထားပြီး လိုက်နာဆောင်ရွက် ပါသည်။ ဖောက်သည်များ ဝယ်ယူထားသည့် ကိရိယာများအား အကောင်းဆုံး၊ အတန်ဆုံးအသုံးချနိုင်ရန်အတွက် ဝန်ဆောင်မှု့ နည်းလမ်းနှစ်ခု ထားရှိဆောင်ရွက်ပါသည်။

ဝန်ဆောင်မှုနှင့် ပြန်လည်ပြုပြင်ရေးဌာန

မိမိတို့၏ဝန်ဆောင်မှု့နှင့် ပြန်လည်ပြုပြင်ရေးဌာနကို နည်းပညာကျွမ်းကျင်မှုနှင့် စိတ်ရှည်မှုစသော အရည်အချင်းနှစ်မျိုးစလုံးနှင့် ပြည့်စုံသောဆားဗစ်အင်ဂျင်နီယာများဖြင့် ဟန်ချက်ညီစွာဖွဲ့စည်းထားပါသည်။

ဆားဗစ် ဝန်ဆောင်မှု့ဌာနတွင် ပြုပြင်ရေးကိရိယာမျိုးစုံ၊ အပိုအစိတ်အပိုင်းများ၊ စက်ပြန်လည် ချိန်ညှိုပြုပြင်သည့် စက်ပစ္စည်းများ၊ ဆော့ဝဲလ်များစွာရင်းနှီးမြှုပ်နှံထားပါသည်။ ဝန်ဆောင်မှု့ဌာန၏ အဓိက လုပ်ငန်းတာဝန်များမှာ

 

  • ဝန်ဆောင်မှု့နှင့်ပြုပြင်ရေး
  • စက်ပြန်လည်ချိန်ညှိုခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း

နည်းပညာပိုင်းထောက်ပံ့မှု့

ကျွန်တော်တို့ရောင်းချလျှက်ရှိသော တိုင်းတာရေး၊ စစ်ဆေးရေးနှင့် စူးစမ်းလေ့လာရေး ပစ္စည်းများသည် အဆင့်မြင့်နည်းပညာသုံးကိရိယာများ ဖြစ်သည့်အလျောက် စက်ကိုင်တွယ်အသုံးပြုသူအား ကျယ်ပြန့်သော အသိပညာနှင့် နည်းပညာထောက်ပံ့မှု့ပေးနိုင်ရေးသည် အင်မတန်အရေးကြီးသည့်လုပ်ငန်း တစ်ခုဖြစ်ပါသည်။ အဆိုပါ အယူအဆနှင့် တစ်သားတည်းဖြစ်စေရန်အတွက် အောက်ဖော်ပြပါ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု့များကို ထောက်ပံ့ပေးလျှက်ရှိပါသည်။

 

  • စက်အသုံးပြုပုံသင်တန်း
  • စက်ရေရှည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်လမ်းညွှန်များ
  • အသုံးပြုသူများ၏ မေးခွန်းများ၊ အခက်အခဲများကို ဖြေကြား/ဖြေရှင်းပေးခြင်း
  • ဆော့ဝဲလ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း

များသောအားဖြင့် ရောင်းချပြီးဝန်ဆောင်မှု့ အာမခံကာလများသည် တစ်နှစ်အတွင်း ကမ်းလှမ်းပေးရှိ သော်လည်း Coordinates Co.,Ltdတွင် ကုမ္ပဏီနှင့် ဖောက်သည်အကြားရှိ စာချုပ်ပေါ်မူတည်၍ အာမခံ ကာလကို အဖိုးအခတစ်ခုဖြင့် ထပ်မံသက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ကုမ္ပဏီ၏တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိသော ရောင်းချပြီး ဝန်ဆောင်မှု့တစ်နှစ်၊ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အသုံးပြုပုံ သင်တန်းပေးခြင်း၊ အသုံးပြုသူလက်စွဲစာအုပ်နှင့် အွန်လိုင်းမှတဆင့် ဖြေကြားပေးခြင်း အစရှိသည် တို့ပါဝင်ပါသည်။ မိမိတို့၏ရောင်းချပြီး ဝန်ဆောင်မှု လုပ်ငန်းများအား  အောက်ဖော်ပြပါ ကိရိယာအုပ်စု များတွင် အကောင်းဆုံး အရည်အသွေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

၁။ မြေတိုင်းတာရေးနှင့် ရေလမ်းကြောင်းတိုင်းတာရေးကိရိယာများ

(GnssGps, Total Station, Laser Level, Digital Level, Theodolite, Auto-levels, Target Systems, and other surveying accessories)

 

၂။ မြေသားနှင့် ကွန်ကရစ်အရည်အသွေးတိုင်းတာ စမ်းသပ်ကိရိယာများ

(Tensil machine, Compressing Machines, Triaxial, Direct Shear, and others)